Business Trainer | Digital & IT consultant | Publisher
၁၉ နှစ်ကြာ IT နယ်ပယ်အတွေ့အကြုံနင့် ၁၀ နှစ်ကြာ စီးပွားရေးလုပ်ငန်းဖွံ့ဖြိုးရေး ကျွမ်းကျင်သူတစ်ဦးအနေဖြင့် Start-up များ၊ SME လုပ်ငန်းရှင်များနှင့် Professional Freelancer များအား နည်းပညာအခြေပြု စီးပွားရေးဖြေရှင်းနည်းများ ပေးလျက်ရှိပါသည်။
၂၀၀၄ မှ ၂၀၀၉ အထိ ပြည်တွင်း IT companies များတွင် လုပ်ကိုင်ခဲ့သည်။
၂၀၀၉ မှ ၂၀၁၂ အထိ Singapore နိုင်ငံရှိ IT companies များတွင် လုပ်ကိုင်ခဲ့သည်။
၂၀၁၂ မှ ၂၀၁၃ အထိ project manager အဖြစ် ပြည်တွင်း IT company တွင် လုပ်ကိုင်ခဲ့သည်။
၂၀၁၃ တွင် Doozy Solution အမည်ဖြင့် Professional Training center နှင့် IT လုပ်ငန်းတစ်ခုကို စတင်လုပ်ကိုင်ခဲ့ပါသည်။ ။
၂၀၁၇ မှ စတင်ပြီး ထုတ်ဝေသူတစ်ယောက်အနေဖြင့်လည်း သက်မွေးပညာရပ်ဆိုင်ရာ စာအုပ်များ၊ အခြေခံပညာရေးဖြစ်သည့် မူလတန်းနှင့် အလယ်တန်း ကျောင်းသားများအတွက် ချန်ပီယံလေးလက်စွဲအမည်ဖြင့် သုံးလပတ် အရည်အချင်းစစ်စာအုပ်များ၊ အခန်းဆုံး အရည်အချင်းစစ်စာအုပ်များ၊ သင်ရိုးပြည့်+သင်ရိုးဖြည့် လေ့ကျင့်ခန်းစာအုပ်များနှင့် ထပ်ဆောင်းစာအုပ်များကို ထုတ်ဝေဖြန့်ချိလျက် ရှိပါသည်။
၂၀၂၀ မှ စတင်ပြီး Start-up များနှင့် MSME လုပ်ငန်းများအတွက် ရည်ရွယ်ပြီး Business Management, Development Strategies, Digital Marketing, Digital Transformation with AI အစရှိသည်တို့ကို စဉ်ဆက်မပြတ်လေ့လာခဲ့ပြီး Training and coaching ဝန်ဆောင်မှုများကို ပေးလျက်ရှိပါသည်။
ယခုလက်ရှိတွင် U-Tech Solution Co.,ltd မှာ Freelance Business Development Director ရာထူးအနေဖြင့် တာဝန်ယူ ဆောင်ရွက်လျက်ရှိပါသည်။ Professional Freelancer များအား Business Development နှင့် Digital Marketing ဆိုင်ရာ လမ်းညွှန်မှုများ ပေးလျက်ရှိပါသည်။
Start-up များနှင့် MSME လုပ်ငန်းများအား traditional business မှ စနစ်ကျသော Systemized Digital Business သို့ အသွင်ပြောင်းရာတွင် ကူညီနိုင်ရန်။
professional freelancer အဖြစ်ရပ်တည်လိုသော ကျွမ်းကျင်လူငယ်ပညာရှင်များအတွက် လိုအပ်သည်များကို ပံ့ပိုးပြီး လူ့အဖွဲ့အစည်းကို မြှင့်တင်ရန်။
professional freelancer များနှင့် Business owners များအကြား ချိတ်ဆက်ပေးနိုင်သော Freelance Community Project ကို အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ရန်။
SME လုပ်ငန်းများအား Traditional Business မှ Systemized Digital Business သို့ အဆင့်ဆင့်ပြောင်းလဲရာတွင် အကြံပေးလျက်ရှိပါသည်။
Professional Freelancer များအား သက်မွေးမှုအောင်မြင်စေရန် လိုအပ်သော စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ဆောင်လျက်ရှိပါသည်။
ပညာရေးနှင့် စီးပွားရေးဆိုင်ရာ စာအုပ်များ ထုတ်ဝေလျက်ရှိပါသည်။
Start-up များ၊ SME လုပ်ငန်းရှင်များနှင့် Freelancer များအတွက် အထူးပြုသင်တန်းများ ပို့ချလျက်ရှိပါသည်။
သင့်လုပ်ငန်းအတွက် အထူးပြုလုပ်ထားသော အကြံဉာဏ်များကို ယခုပဲ ရယူလိုက်ပါ။