ကျမပေးသော ဝန်ဆောင်မှုများ

Start-up များနှင့် MSME လုပ်ငန်းရှင်များအတွက် ဝန်ဆောင်မှု ရနိုင်သလို Professional Freelance အလွတ်တန်းကျွမ်းကျင်သူများ အတွက်လည်း ဝန်ဆောင်မှု ရှိပါတယ်။

တစ်ဦးချင်း One on One training,coaching များအပြင် ငါးယောက်အထိ Group Training,coaching ဝန်ဆောင်မှုများ ရနိုင်ပါတယ်။

Start-up များနှင့် MSME လုပ်ငန်းရှင်များအတွက်

Build Package

ကိုယ်ပိုင်လုပ်ငန်းနဲ့ စီးပွား‌ရေးလုပ်ငန်းရှင် ဖြစ်ချင်တယ်။ ဘယ်ကစလုပ်ရမှန်း မသိသူများအတွက် Business idea ထုတ်တာ၊ plan ဆွဲတာကစပြီး ဘယ်လို ဈေးကွက်ဖောက်ရမယ်၊ လုပ်ငန်းကို ဘယ်လိုစီမံထိန်းချုပ်မယ်၊ ကိုယ့်လုပ်ငန်းကို စနစ်တကျ အောင်မြင်အောင် အကောင်အထည် ဖော်လိုသူများအတွက် ဒီဇိုင်းဆွဲထားတဲ့ package ဖြစ်ပါတယ်။

အခမဲ့တိုင်ပင်ဆွေးနွေးရန်

Boost Package

လက်ရှိလုပ်ငန်းက ရပ်တန့်နေတာ ဒါမှမဟုတ် ဖယိုဖရဲဖြစ်နေတာလား။ မိမိလုပ်ငန်းကို သာမန်ရိုးကျ စီမံအုပ်ချုပ်ပုံကနေ Systemized Digital Transformation စနစ်တကျပုံစံပြောင်း အောင်မြင်အောင် အကောင်အထည်ဖော်လိုသူ စီးပွားလုပ်ငန်းရှင်များအတွက် ဒီဇိုင်းဆွဲထားတဲ့ package ဖြစ်ပါတယ်။

အခမဲ့တိုင်ပင်ဆွေးနွေးရန်

Bloom Package

Systemized Digital Transformation စနစ်တကျပုံစံပြောင်း အောင်မြင်နေတဲ့ လုပ်ငန်းအခြေအနေမှတစ်ဆင့် ချဲ့ထွင်မယ်၊ တိုးပွားအောင်လုပ်မယ်၊ ရေရှည်တည့်တံ့အောင် ဆောင်ရွက်ချင်သူ စီးပွားလုပ်ငန်းရှင်များအတွက် ဒီဇိုင်းဆွဲထားတဲ့ package ဖြစ်ပါတယ်။

အခမဲ့တိုင်ပင်ဆွေးနွေးရန်

စီးပွားရေးလုပ်ငန်းအတွက် ဆွေးနွေးချင်ပါသလား?

သင့်လုပ်ငန်းအတွက် အထူးပြုလုပ်ထားသော အကြံဉာဏ်များကို အခမဲ့ရယူလိုက်ပါ။

အခမဲ့တိုင်ပင်ဆွေးနွေးရန် စာရင်းပေးသွင်းမည်

Professional Freelancer များအတွက်

Foundation Package

သက်မွေးပညာရပ်နဲ့ အလွတ်ကျွမ်းကျင်ပညာရှင်အဖြစ် ရပ်တည်ချင်တယ်။ ကိုယ့်ဘက်က ဘယ်လိုစိတ်နေစိတ်ထားရှိရမယ်၊ ဘာတွေပြင်ဆင်ထားရမယ်၊ လုပ်ငန်းရှင်တွေနဲ့ ဘယ်လိုစေ့စပ်ညိှနှိုင်းရမလဲ၊ ကိုယ့်ရဲ့ ကျွမ်းကျင်မှုကို ဘယ်လိုရောင်းချရမလဲ၊ စတဲ့ အချက်များကို ပြည့်စုံအောင် လမ်းညွှန်ပေးနိုင်အောင် ဒီဇိုင်းဆွဲထားတဲ့ package ဖြစ်ပါတယ်။

အခမဲ့တိုင်ပင်ဆွေးနွေးရန်

Software Developer Package

သင့်ရဲ့ programming ကျွမ်းကျင်မှုကို ဘယ်လိုအကျိုးအမြတ်ရှိရှိ အသုံးချရမလဲဆိုတာ မသေချာသေးသူများအတွက် ဒီဇိုင်းဆွဲထားသော package ဖြစ်ပါတယ်။ Freelance software developer တစ်ယောက်အနေနဲ့ ဘယ်လိုစတင်ရမလဲ၊ client တွေနဲ့ ဘယ်လိုထိထိမိမိ ဆက်သွယ်ဆောင်ရွက်ရမလဲ၊ project တွေကို ဘယ်လိုစျေးကွက်ရှာဖွေရမလဲ၊ သင့်ရဲ့ portfolio ကို ဘယ်လိုတည်ဆောက်ပြီး ဘယ်လိုပြသရမလဲ၊ အရည်အချင်းပြည့်ဝတဲ့ developer တစ်ယောက်အဖြစ် ဘယ်လိုရပ်တည်ရမလဲဆိုတဲ့ အဆင့်ဆင့်သော လမ်းညွှန်ချက်များပါဝင်ပါတယ်။ Remote work လုပ်ငန်းခွင်အတွက် လိုအပ်သော technical skills နဲ့ soft skills များကိုပါ ပေါင်းစပ်သင်ကြားပေးမည့် package တစ်ခုဖြစ်ပါတယ်။

အခမဲ့တိုင်ပင်ဆွေးနွေးရန်

Digital Marketer Package

ဒီဂျစ်တယ်စျေးကွက်ရှာဖွေရေးနယ်ပယ်မှာ freelancer တစ်ယောက်အနေနဲ့ အောင်မြင်စွာ ရပ်တည်နိုင်ဖို့ ဒီဇိုင်းဆွဲထားသော package ဖြစ်ပါတယ်။ Social media marketing, SEO, content marketing, email marketing စတဲ့ နယ်ပယ်အသီးသီးမှာ ဘယ်လိုဝန်ဆောင်မှုမျိုးတွေ ပေးနိုင်မလဲ၊ client တွေကို ဘယ်လိုဆွဲဆောင်ရမလဲ၊ သင့်ရဲ့ digital marketing ကျွမ်းကျင်မှုကို ဘယ်လိုအကျိုးအမြတ်ရှိရှိ ရောင်းချရမလဲ၊ campaign တွေကို ဘယ်လိုတိုင်းတာသုံးသပ်ရမလဲဆိုတဲ့ အချက်များအပြင် နိုင်ငံတကာ client တွေနဲ့ အလုပ်လုပ်ကိုင်နည်းများပါ ပါဝင်ပါတယ်။ ဒီဂျစ်တယ်ခေတ်ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ့် marketer တစ်ယောက်ဖြစ်လာစေရန် လိုအပ်သော အရည်အချင်းအားလုံးကို ဤ package တွင် ပေါင်းစပ်ထည့်သွင်းထားပါတယ်။

အခမဲ့တိုင်ပင်ဆွေးနွေးရန်